အင်တာနက်ဟာ ဒီနေ့ နိုင်ငံတကာပညာရေးခေတ်စားနေချိန်ဖြစ်တာနဲ့အညီ
နိုင်ငံတကာလှည့် ပညာရှာချင်တဲ့ ငယ်
ရွယ်တဲ့ကျောင်းသားကျောင်းသူများအတွက် အထူးအဆင်ပြေလှပါတယ်။
မိမိတက်တဲ့ကျောင်းနဲ့တိုက်ရိုက် အင်တာ
နက်မှာ ဆက်သွယ်နိုင်သလို တက်ရောက်နေတဲ့
လက်ရှိကျောင်းသားကျောင်းသူများနဲ့လည်း ဆက်သွယ်ပြီး သိချင်
တာတွေ စုံစမ်းမေးမြန်းနိုင်ပါတယ်။ အဆင်ပြေရင် ဟိုရောက်ရင်
အဆင့်သင့်လာကြိုမယ့်သူငယ်ချင်းတောင်ရသွားနိုင်
ပါတယ်။ ကျောင်းတက်တဲ့အခါမှာလည်း ဆရာက ပေးလာတဲ့ အဆိုင်းမင့်တ်တွေ
(assignments) နဲ့ ရီပို့တ်
(reports) တွေအားလုံးကို ကွန်ပျူတာလေးရှေ့ချပြီး
ဂူးဂဲလ်နဲ့မိတ်ဆွေများကို အလည်ခေါ်ကာ လုပ်နိုင်ပါတယ်။ ဒါ့
ကြောင့် ဘွဲ့ရတဲ့အခါ ဂူးဂဲလ်နဲ့ ၀ီက်ီပီးဒီးယားတို့ကို
ကျေးဇူးတင်ပါတယ်လို့ ပြောကြတယ်ဆိုတဲ့ ကာတွန်းတွေကို
တောင် မြင်တွေ့လာကြရပါတယ်။
ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျောင်းသားတော်တော်များများဟာ
ကိုယ်လုပ်ရမဲ့အဆိုင်းမင့်တ်တွေ ရီပို့တ်
တွေအပေါ်မှာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားရေးသားတာမျိုးတွေ နည်းပါးလာတယ်လို့
ထင်ပါတယ်။ စကားလုံးတစ်ခုမသိ
ရင် ဂူးဂဲလ်မှာ ရိုက်ထည့်လိုက်၊ အဖြေတွေအများကြီး ထွက်လာမယ်။ ဆရာ့ဆီ
အီးမေးလ်ပို့ပြီး မေးရတာထက် မြန်
တယ်။ ဒါပေမဲ့ ထွက်လာတဲ့အဖြေတိုင်းက ယုံလို့မရသလို မိမိကိုယ်ပိုင်ဗဟုသုတ၊
အကြောင်းအကျိုးစီလျော်စွာ စဉ်း
စားဆင်ခြင်နိုင်မှုတွေ ပိုသုံးလာသင့်တယ်လို့ ထင်ပါတယ်။ ဒါမှ
လူ့ရဲ့အသိပညာဟာ အမြဲတမ်းဆန်းသစ်လတ်ဆတ်
နေမှာပါ။ ပညာရေးရဲ့ မူလရည်မှန်းချက်ကိုက သင်ပေးသမျှ နာယူရုံသာ၊ repeat
လုပ်ရုံသာ မဟုတ်ဘဲ အသစ်အ
သစ်တွေကို တီထွင်ခြင်း၊ စိတ်ကူးဥာဏ် ကွန့်မြူခြင်းတို့ကို ဖြစ်ပေါ်စေဖို့
အဓိက မဟုတ်ပါလား။ ဘာပဲပြောပြော ဆ
ရာကိုယ်တိုင်ကလည်း ကျောင်းသားကိုယ်တိုင် စဉ်းစားရေးသားထားတာကိုပဲ
လိုချင်မယ်လို့ ထင်ပါတယ်။ သို့ပေမဲ့
ကျောင်းသားအဖို့ အခြားပြဿနာများလည်း ရှိနေတော့ စာအတွက်
အချိန်နည်းလာတာလည်း ရှိနိုင်ပါတယ်။ အထူး
သဖြင့် မြင့်တက်နေတဲ့ ကျူရှင်စရိတ်တွေ ပေးဖို့ အချိန်ပိုင်းအလုပ်တွေ
လုပ်ရတဲ့အခါ စာဖတ်ဖို့ လေ့လာဖို့ အချိန်မ
ရှိတော့တာမျိုးပေါ့။
ဒါနဲ့ဆက်စပ်ပြီး မကြာသေးခင်က ဘီလ်ဂိတ်ရဲ့ စာအုပ်ရီဗျူးတစ်ခုအကြောင်း
ပြောပြလိုပါတယ်။ ဘီလ်ဂိတ်ဟာ သူ့နိုင်
ငံရဲ့ပညာရေးကဏ္ဍမှာ အလွန်အာရုံစူးစိုက်သူ ဖြစ်ပါတယ်။ သူပြောပြထားတဲ့
စာအုပ်က Academically Adrift ဆို
တဲ့ စာအုပ်ပါ။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှာ ချီကာဂိုတက္ကသိုလ်ပုံနှိပ်တိုက်က
ထုတ်ဝေခဲ့ပါတယ်။ စာရေးသူများက
Richard Arum နဲ့ Josipa Roksa တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက
တက္ကသိုလ်ကျောင်းသားများရဲ့ လေ့လာသင်
ယူမှုနဲ့ပက်သက်ပြီး စာသင်နှစ်တစ်ခုပြီးတစ်ခု တိုးတက်မှုအနေအထားတွေကို
စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ၂၀၀၅
နဲ့ ၂၀၀၇ ခုနှစ်အတွင်း အမေရိကန်တက္ကသိုလ် ၂၄ ခုက ကျောင်းသားကျောင်းသူ ၂၀၀၀
ကျော်ကို အခြေပြုလေ့လာ
ပြီးနောက် ထွက်လာတဲ့ ကောက်ချက်များက စိတ်ဝင်စားစရာ၊ ထိတ်လန့်စရာလည်း ဖြစ်ပါတယ်။
ပထမကောက်ချက်က ကျောင်းသားများဟာ တစ်ပတ်ကို ပျမ်းမျှ ၁၂ နာရီပဲ
စာလုပ်ကြပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်
တစ်ပတ်ကို စာမျက်နှာလေးဆယ်ထက် ပိုဖတ်ရတဲ့အတန်းကလည်း အနည်းငယ်ပဲ
ရှိပါတယ်တဲ့။ စမစ်စတာ
(semester) တစ်ခုအတွင်းမှာလည်း စာမျက်နှာ ၂၀ ထက်ပိုပြီး ရေးရတဲ့
အတန်းလည်း အများကြီး မရှိဘူးလို့ပြော
ကြပါတယ်။ ဒါ့ကြောင့် ပထမနှစ်မှ နောက်ဆုံးနှစ်ကျောင်းသား ဖြစ်လာသည့်တိုင်
ကျောင်းသားတွေရဲ့ ဆင်ခြင်ဝေဖန်
စဉ်းစားမှု (critical thinking)၊ ရှုပ်ထွေးတဲ့ အကြောင်းအကျိုးများကို
နားလည်ရှင်းလင်းနိုင်မှု (complex
reasoning) နဲ့ အရေးအသားဆက်သွယ်မှု (written communication) မှာ
ထူးထူးခြားခြား တိုးတက်လာခြင်းကို
ဒီလေ့လာမှုအတွင်း မတွေ့ခဲ့ရပါဘူး။ ဒါတွေရဲ့နောက်မှာ
အမေရိကန်အစိုးရရဲ့ပညာရေးအပေါ် အသုံးစရိတ်လျှော့ချမှု၊
ကျူရှင်စရိတ်တွေ ကြီးမားမှုနဲ့ ကျောင်းသားများရဲ့ အကြွေးပင်လယ်အကြောင်း
ရိပ်မိသိရှိနိုင်ပါတယ်။
နောက်ထပ် ကျောင်းသားတွေ တွေ့ရနိုင်တဲ့ ရစ်ခ် (risk) တစ်ခုကတော့
ပညာရေးမသမာမှုနဲ့ စွပ်စွဲခံရနိုင်တာပါ။ အင်
တာနက်ကပဲ အချက်အလက်တွေ စုဆောင်းပြီး အညွန်း (reference) လုပ်ကြတာများတော့
ကျောင်းသားတွေရဲ့ တူ
ညီတဲ့ reference စာရင်းတွေ၊ ရေးသားပုံတွေကို ဆရာတွေ
တွေ့ကောင်းတွေ့နိုင်ပါတယ်။ အားလုံးက အင်တာနက်
ကပဲ ရှာဖွေနေကြတော့ မတူဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီအခါမှာ
မမျှော်လင့်ဘဲ cheating ဖြစ်ပြီး ကျောင်းထုတ်ခံရ
တာတွေ ကြုံလာရနိုင်ပါတယ်။ပြီးခဲ့တဲ့ နှစ်အတွင်း ဟားဗတ်က ကျောင်းသားတွေရဲ့
စာခိုးချမှုလို့ စွပ်စွဲခံရတဲ့ ပြဿနာ
မှာလည်း ကျောင်းသားနဲ့ဆရာကြား နားလည်မှုအလွဲအမှားတွေ အများကြီး
တွေ့ရပါတယ်။ ဒါထက်ဆိုးတာက နိုင်ငံ
တကာနာမည်ကြီးတက္ကသိုလ်မှာ ပညာရေးနဲ့ပက်သက်တဲ့ အမှားအယွင်းဖြစ်တဲ့အခါ
ကျောင်းသားအတွက် အနာဂတ်
အလုပ်အကိုင်ရှာဖွေရေးအလားအလာမှာ ပြဿနာကြီးကြီးမားမား ရှိလာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အလုပ်အ
ကိုင်ရှာဖွေတဲ့အခါ မိမိရဲ့စီဗွီမှာ တက္ကသိုလ်ဝင်တန်းကစပြီး
ရေးသားတင်ပြကြရလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအန္တ
ရယ်ကို ရှောင်ကြဉ်နိုင်ဖို့ reference လုပ်နည်းများကို
အထူးလေ့လာမှတ်သားထားဖို့ အထူးလိုအပ်ပါတယ်။
Thank you for reading. Good luck to all.
Nann Nyunt Oo
Loading.....
ဘလော့ပိုစ့်များအား အပြည့်အစုံဆက်လက် ဖတ်ရှု့လိုလျှင်ရန် ဖတ်ရှု့လိုသော ဘလော့ပိုစ့် ၏ခေါင်းစဉ်အား နှိပ်၍ ကြည့်ရှု့နိုင်ပါသည် Error အနည်းငယ်တက်နေသောကြောင့် သည်းခံပေးကြပါ ဗျာ လာရောက်အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ် ဗျာ
Subscribe to:
Post Comments (Atom)
ရွှေးချယ်ဖတ်ရှု့ရန်
- စာအုပ်များ (10)
- စိတ်ခွန်အားဖြည့်စာများ (1)
- နည်းပညာ-ကွန်ပျူတာ (43)
- နည်းပညာ-ပရိုဂရမ် (2)
- နည်းပညာ-ဗိုင်းရစ့် (11)
- နည်းပညာ-မိုဘိုင်းဖုန်း (9)
- နည်းပညာ-အင်တာနက် (25)
- နည်းပညာ-ဆော့ဝဲလ် (39)
- နည်းပညာ-ဖောက်ထွင်းမှု (30)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (29)
- ဗဟုသုတ-မိုဘိုင်းဖုန်း (8)
- ဗဟုသုတ-အင်တာနက် (11)
- ဗဟုသုတများ (106)
- ရသ-ကဗျာ (116)
- ရသ-စကားစု (24)
- ရသ-ရယ်စရာ (7)
- ရသ-၀တ္ထုတိုများ (30)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (54)
- အခြားသော (7)
- ဆောင်းပါးများ (5)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (4)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ