ဒီတစ်ပတ်မှာတော့ Android OS သုံးစွဲသူတွေအတွက် အသုံးဝင်ပြီး
အခမဲ့အသုံးပြုနိုင်မယ့် Application တချို့ ဒေါင်းလုပ်ပြုလုပ်ပုံကို
ရွေးချယ်တင်ပြလိုက်ပါတယ်။
Ringdroid
http://www.1mobile.com/ringdroid-13255.html
Ringdroid Application ကတော့ သင့်ဖုန်းမှာအသုံးပြုမယ့် Ringtone ကို
မိမိနှစ်သက်ရာအသံဖြင့် အသုံးပြုနိုင်အောင်ပြုလုပ်ပေးနိုင်တဲ့ Application
ဖြစ်ပါတယ်။ ဒီ Application ကအသံဖိုင်တွေကို မိမိစိတ်ကြိုက်နေရာကနေပြီး
ဖြတ်တောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်အသံတွေကိုလည်း Record
ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြင်ဆင်ပြီးသားဖိုင်တွေကို Save လုပ်ပြီး
Ringtone အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ringtone Application ကို
ဒေါင်းလုပ်ပြုလုပ်လိုတယ်ဆိုရင် www.1mobile.com ဆိုတဲ့
အင်တာနက်စာမျက်နှာကို သွားရမှာဖြစ်ပါတယ်။ 1 Mobile ရဲ့
ပင်မစာမျက်နှာကနေတစ်ဆင့် Download ဆိုတဲ့စာမျက်နှာကို သွားရမှာဖြစ်ပြီး၊
အဲဒီအောက်မှာမှ MP3 & Autio ဆိုတဲ့ Category အောက်က Ringtone ဆိုတဲ့
Application ကိုရွေးချယ်ပြီး ဒေါင်းလုပ်လုပ်ယူနိုင်မှာဖြစ်ပါတယ်။
NetQin Android Booster
http://www.1mobile.com/netqin-android-booster-87002.html
NetQin Android Booster ဆိုတဲ့ Application ကတော့သင့် Android OS ရဲ့
System ပိုင်းကိုထိန်းချုပ်ပြီး Battery သုံးစွဲမှုကို
လျှော့ချနိုင်မယ့်အပြင် Memory သုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်မယ့်
Application တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် WiFi, Buletooth
သုံးစွဲမှုတွေကိုလည်း NetQin Android Booster ပေါ်ကနေ
ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Running Process တွေနဲ့ Service
တွေကိုလည်း ထိန်းချုပ်ပေးနိုင်မှာဖြစ်ပြီး Application တွေ Uninstall
ပြုလုပ်မယ်ဆိုရင်လည်း Android Booster ပေါ်ကနေတင်
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်လိုတယ်ဆိုရင် 1Mobile
ဝက်ဘ်ဆိုက်ရဲ့ Download ဆိုတဲ့စာမျက်နှာကနေတစ်ဆင့် Utilities ဆိုတဲ့
Category အောက်ကိုသွားရမှာဖြစ်ပါတယ်။ Utilities Category အောက်မှာမှ
NetQin Android Booster ဆိုတဲ့ Application ကို
အခမဲ့ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
--
Nann Nyunt Oo
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ