လစာ (၂) ခု အခြေပြု ၊ လစာမတိုး နောက်ထပ်ခိုး ၊ ငါဟဲ့ ၀န်ထမ်းမျိုး

ကျနော်က ဗိုလ်မှူးဟောင်း တစ်ယောက်ပါ။ အရက်သောက်တာများလို့ အလုပ်တာဝန်တွေ
လစ်ဟင်း ၊စွမ်းဆောင်ရည်တွေ လျော့ကျလာတော့ ဆေးကျပြီးတော့ အရပ်ဖက်ကို
ရောက်လာတာပါ။ အရပ်ဖက်ကို ရောက်နေချိန်မှာပဲ ဗိုလ်မှူး(အငြိမ်းစား)လစာကို
စတင်ခံစားခွင့်ပေးပါတယ်..။
အငြိမ်းစားလစာ ဆိုပေမယ့် မဆိုးပါဘူး အခုပေးထားတဲ့စနစ်သစ်အရ (၂)
သိန်းကျော်ကျော် ရပါတယ်။ အရပ်ဖက်ကို ရောက်သွားတော့ တာဝန်ကျတဲ့
ဝန်ကြီးဌာနက လျှစ်စစ်စွမ်းအားဝန်ကြီး ဌာနမှာပါ။ ပြောစရာရှိတာက ကျနော်က
မီးဆိုရင် ခလုပ်နှိပ်တက်တာပဲ သိတာဗျ။ ဘာမှ နားမလည်ဘူး။ ဒါပေမယ့်
မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးနဲ့
တာဝန်ထမ်းဆောင်ခွင့်ရတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက လစာ ( ) ရတယ်ဆိုတော့ (၂) ခုပေါင်းလိုက်ရင်
မဆိုးပါဘူး။ ဒီကြားထဲ အောက်ကကောင်တွေက ဘာတွေလုပ်လဲမသိပါဘူး။ တစ်ခါတစ်လေ
ခွင့်ပြုမိန့်လက်မှတ်လာထိုးခိုင်းပြီး ဂါရ၀ပြုသွားတာလေးတွေကလည်း
မဆိုးပါဘူး.။ ပေါင်းလိုက်ရင်တော့ တစ်လတစ်လကို ( ) လောက်ဆိုတော့
အသုံးလောက်ပါတယ်ဗျာ..။
နိုင်ငံတော်တာဝန်ထမ်းဆောင်ပြီး နိုင်ငံတော်က ကျွေးတာစားနေရတာဆိုတော့
နိုင်ငံတော်ကို မထေမဲ့မြင်လည်း မလုပ်ပါဘူး။ စော်ကားတဲ့စကားမျိုးလည်း
မပြောပါဘူး။ ကျနော်စားနေတာတွေကိုက နိုင်ငံတော်ကကျွေးနေတာ တွေလေ..။
အခုကြားနေရပါတယ်..လစာတွေတိုးမယ်တဲ့..လစာတွေမတိုးဘူးတဲ့။ ဘယ်လိုပဲ
ဖြစ်ဖြစ်လောက်ပါတယ်။ လောက်အောင်ရှာကြပေါ့ဗျ..။ တဆိပ်မရှိ
နိုင်ငံတော်ကိုကြီးပဲ ပြောလို့ရမလား။ ကိုယ်ရှာမှ ကိုယ်စားရမှာလေ..။
ကျနော့်လို့ ကြိုးစားပြီး နိုင်ငံတာဝန်ကျေပွန်တယ်ဆိုရင်တော့ နိုင်ငံတော်က
ကြည့်မှာပဲ။ ဒါဆိုရင် အများပြည်သူ ကလည်း ကြည့်မှာပဲ..။ ကြည့်ရင်
မြင်မယ်လေ..။ မြင်ရင် ရမယ်လေ..ဟုတ်တယ်မလား။ အပြစ်မတင်ပါဘူး…။

မောင်သော်က……
အင်း…..အုပ်ချုပ်ရေးမှူးကတော့ ပေါက်ကရတွေရေးနေပြန်ပြီ..။ သူက
စာရူးပေရူးဗျ..။ သူရေးတာ ကောင်းတယ်လို့ ချီးမွမ်းလိုက်မယ်ဆိုရင်
အားလုံးအိုကေတော့ လည်း လုပ်ရဦးမှာပဲ..။ ဟိုတစ်နေ့ကပဲ
ပါဝါမီတာပါမစ်ကျချင်လို့ လာတဲ့ ကြော်ငြာတာဝန်ခံ မန်နေဂျာ ဦးဥက္ကာ ကို
ပေါက်ကရတွေပြောလိုက်လို့ နောက်ကနေ မနည်း လိုက်ရှင်းထားရတယ်။
ဟုတ်တယ်လေ.. ရေမစီးရင် ဘယ်လိုမှ မဖြစ်ဘူးလေ..။ ရတဲ့လစာက ၃၅၀၀၀ လေးနဲ့
တစ်လလုံးမပြောနဲ့ ၁၅ ရက်တောင် သုံးလို့မရဘူး။ အဲ့တော့ နည်းနည်းတော့
ဖန်ရတာပေါ့ဗျာ..။ စစ်တပ်က ထွက်လာတဲ့ အရာရှိပြုတ် တွေလား..ဒီဘဲကြီးတွေက
ဘယ်လောက်သိလို့လဲ..။ စစ်သားတွေဗျာ… စစ်တိုက်တာရယ်..စစ်နည်းဗျူဟာ တွေရယ်.
. ကျောင်းမှာ သင်ထားတဲ့ အမြင်လေးခုရယ် နည်းနည်းပါးပါးပဲ သိမှာပေါ့ဗျ။
အပြင်လောကအကြောင်း ဘယ်လောက်များသိထားလို့လဲ..။ အလကား ကြားကောင်းအောင်
လျှောက်ပြော နေတာ..။ သူတို့က
နိုင်ငံတော်ကပေးထားတဲ့ရပိုင်ခွင့်တွေကော..မပေးထားတဲ့ရပိုင်ခွင့်တွေကော
ရနေတာ.. ဘာမှပူစရာမလိုဘူး။
ပူစရာရှိတာက ကျနော်တို့တွေ…ကားသမားစကားငှားပြောရရင် ထောင်နှခမ်းနင်းပြီး
ရှာစားနေရတာ..။ အခု မီးတွေချပေးထားတာလား…..ကြာပြီလေ..။
တော်သေးတာပေါ့ဗျာ…အဲ့ခွင်လေးတွေ ရှိနေလို့..။
ကျနော်လား..မီးတစ်ခါသွားချိတ်ရင် ....အင်း..။ ၂သောင်းတောင်းတယ်လေ..။
ချိတ်တဲ့သူတွေလား ..ပြောပါ တယ်.. အားလုံးဆောင်ပြီးသွားပြီတဲ့..။
ဆောင်ဆောင်ပေါ့ဗျ..ကျနော်ကိုမေးရင်တော့ ထုံးစံလို့ပဲ ပြောလိုက် တာပဲ။
အုပ်စုနဲ့ ခွဲစားနေရတာဗျ။ AE ,SAE, EE တို့ကိုလည်း ခွဲပေးရသေးတာဗျ..။
အခုလား တရားဝင်က ၉၄၀၀၀ ထင်တယ်..။ မပေးရင်..ဟုတ်လား..မပေးရင် မအားချင်
ယောင်ဆောင် ရတာ ပေါ့ဗျာ..။ ဂျာနယ်ထဲမှာ ပါတဲ့ ကာတွန်းတစ်ခုလို့ပေါ့ဗျာ…။
မရလို့ပါဗျာ….ရရင် လုပ်ပေးပါတယ်။
ရှင်းရှင်းလေးပါပဲ…ဟဲ..ဟဲ.။ ရှာစားနေရတာမလွယ်ပါဘူးဗျာ…။ ကျနော်လည်း
မလုပ်ချင်ပါဘူး။ လောက်မှ မလောက်တာ..ဘယ်လိုရှာရမလဲ..ဒီနည်းပဲ ရှိတာကို..။
လစာတိုးဖို့လား…။ ကြားပါတယ်..စိတ်လည်း ၀င်စားပါတယ်။ တစ်ကယ်ပေးမှပဲ
ယုံတော့မယ်ဗျာ..။
အဓိက ကတော့ အခု စားဝတ်နေရေးအဆင်ပြေဖို့ပဲလိုတယ်..။
နောင်ခါလာနောင်ဈေးပဲဗျာ..။ ဒီလိုပဲ ကြည့်လုပ်ကြတာပေါ့..။
ဟမ်..တိုင်မယ်..ဟုတ်လား…။ လုပ်လိုက်လေ..။ သူခိုးကို ရွှေတိုက်စိုးခန့်လို့
ပစ္စည်းပျောက်ဖူးလို့လား။ စာရင်းကိုင်တွေ ပစ္စည်းဝယ်သူနဲ့ပေါင်းလုပ်တာလည်း
ပြောဦးလေ..။ ကျနော်က သူခိုးမှ မဟုတ်တာ…။


--
Nann Nyunt Oo

2 comments:

  1. ၁။မလိုအပ်သောဝန်ကြီးဌာနများမှဦးစီးဌန၊လုပ်ငန်းများကိုဖျက်သိမ်းခြင်း။အင်းအားလျော့ချပြီးတူရာပေါင်းစေခြင်း။ဝန်ကြီးဌာနများလျော့ချ
    ပေါင်းစေခြင်း။အရှုံးပေါ်နေသောစက်ရုံများကိုပုဂ္ဂလိကပေးပြီး(လက်ရှိဆောင်ရွက်နေပါပြီ)၀န်ထမ်းလျော့ချခြင်းတွေအ၇င်ထိထိရောက်
    လုပ်ဘို့လိုပါသည်။ပြီးမှလစာတိုးပေးပြီး၊စည်းကမ်းအတိုင်းတိတိကျကျအရေးယူမယ်ဆိုရင်ဖြစ်ပါမည်။ယခုတော့အရေးယူလျှင်လဲအပေါ်က
    လိုင်းမဲင်းလိုအဆင့်တွေအတွက်မတရားပါ။အထူးသဖြင့်အရာရှိကြီးပိုင်းကိုတိတိကျကျအရေးယူလျှင်ပြီးပါပြီ။အငယ်ဆိုတာအကြီးခွင့်ပြုလို့
    စားလို့ရနေတာပါ။အကြီးကသူ့ကိုကြပ်လျှင်အငယ်ကိုဆက်ကြပ်မှာပါ။အင်အားလျော့ပြီးမှလစာတိုးမှနိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်မှာပါ။

    ReplyDelete
  2. ၂။တပ်ကပြော့င်းလာသူတွေလဲလစာ၂မျိုးစားနေတာမသင့်လျှော်ပါဘူး။ဝန်ထမ်းလုပ်နေသမျှများရာစားတစ်မျိုးတည်းသာခွင့်ပြုပြီးပင်စင်ယူမှာသာခံစားခွင့်ပြုသင့်ပါတယ်။လုပ်သက်ဆုကိုတော့ထပ်ဆောင်းပေးရမှာပေါ့။ခုတော့တပ်ပင်စင်နဲ့အရပ်လစာပေါင်းရင်ဗိုလ်မှုးဆို၂သိန်းလောက်။
    ဒုမှုးကြီးဆို၃သိန်းလောက်ရနေပါတယ်။ဒါတောင်မလောက်တဲ့သူကရှိသေး။ဂရယ်ကျူရီကိုပိုပေးတာလက်ခံပါတယ် သူကမသေလို့ရတာကိုး။
    မကျေနပ်လို့ထပ်တိုးပေးလဲကျေနပ်ပါတယ်။လစာကိုတော့၂မျိုးပေးတာမသင့်တော်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရောက်လာတဲ့အတွက်အ
    ရပ်သားတွေရာထူးတက်အခွင့်အရေးဆုံးရှူံးပြီးဘ၀တက်လမ်းမဲ့ဖြစ်ရပါတယ။်ရာထူးမတက်တဲ့အတွက်လဲလစာတိုးမြှင့်ခံစားခွင့်ပါဆုံးရှူံးရလို့ပါ
    အလုပ်ကြတော့သူတို့မယ်မယ်ရရမတတ်ဘူးလေ။အောက်ကဘဲအကုန်လုပ်ပေးရတာဘဲ။တစ်ချို့လဲတော်ပါတယ်။များသောအားဖြစ်တော့အသုံး
    မကျလို့ပြောင်းလာရတဲ့သူကများပါတယ်။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ

လွယ်လွယ်ကူကူရှာဖွေနိုင်ရန်

Loading...